Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲ‌တော် ရာသီဥတုဆိုးပြီးနားခဲ့ရ၍

(၃)ရက်ထပ်တိုး

————————————————————————————————-

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၆)ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ရာသီဥတုဆိုးပြီးနားခဲ့ရပြီး(၃)ရက်ထပ်တိုးလိုက်တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရပါတယ်။

မူလက အောက်တိုဘာလ(၂၉)ရက်မှ နိုဝင်ဘာလ(၅)ရက်အထိကျင်းပဖို့လျာထားသော်လည်း နိုဝင်ဘာလ(၁)ရက် နောက်ပိုင်းကစလို့ တောင်ကြီးမှာ မိုးသည်းထန်စွာသွန်းလို့ လွှတ်တင်ရမယ့်ညမီးပုံးပျံတွေကျန်ရှိနေသေး တာဖြစ်ပါတယ်။

‘’ရာသီဥတုအခြေအနေကြောင့် တောင်ကြီးမီးပုံးပျံပွဲကို နိုဝင်ဘာလ(၈)ရက်အထိ သုံးရက်ထပ်တိုးပြီးကျင်းပ ဖို့ရှိပါတယ်။ညဘက်မိုးရွာလို့လွှတ်တင်ရမယ့်မီးပုံးပျံတွေကျန်သေးလို့ ရက်တိုးလိုက်ရတာဖြစ်ပါတယ်။ လုံခြုံရေးနဲ့မီးဘေးကာကွယ်ရေးအတွက်ဆောင်ရွက်ပေးထားပါတယ်”လို့ ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောပြထားပါတယ်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ နေ့လွှတ်၊ညလွှတ်၊စိန်နားပန်မီးပုံးပျံစုစုပေါင်း(၃၃၈)လုံးလွှတ်တင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

#mercury#mercurynews#တောင်ကြီး#တန်ဆောင်တိုင်#ပြည်တွင်းသတင်း

Oplus_131072