Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်

၂၀၂၅၊ဒီဇင်ဘာလ၊၁၇ရက်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် (၅)မှာ မနေ့က နေ့လည်ပိုင်းမှာ စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ (၁၂) နာရီ (၃၅) မိနစ်အချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ရာနေရာကို တောင်ကြီးခရိုင်/မြို့နယ်မီးသတ်စခန်းနှင့် အေးသာယာနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာကာ ငြှိမ်းသတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။

မွန်းလွဲ (၁) နာရီ (၃၀) မိနစ်အချိန်မှာတော့ မီးကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#မီးလောင်