တောင်ကြီးမြို့၊ရတနာသီရိရပ်ကွက်ရှိ ၀င်္ကပါ ရေထွက် ရေကန်မှာ ရေဆင်းချိုးခဲ့တဲ့ အသက်ဆယ်နှစ်ကျော် ကိုရင်ငယ်နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ ဇွန်လ ၈ ရက် (သောကြာနေ့) မွန်းလွဲပိုင်း ၃ နာရီခန့်က ရေဆင်းချိုးချိန်မှာ မိုးနည်းနည်းရွာ နေပြီးရေတက်အား မြန်လှသောကြောင့် ကိုရင်ငယ်နှစ်ဦး ရေနစ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
မီးသတ်တပ်ဖွဲ့အပါအဝင် ဒေသခံကယ်ဆယ်ရေးအဖွဲ့များက ရေထွက်နှင့် ရေကန်ပတ်ဝန်းကျင်တွင် ဆင်းပြီးရှာဖွေမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်ထိမတွေ့ရသေးကြောင်း သိရပါတယ်။
မနေ့က ညပိုင်းအချိန်ထိ သက်ရှိ/သေဆုံး အခြေအနေ မသိရသေးပဲ ရှာဖွေရေး လုပ်ငန်းများ ဆက်လက်ဖြစ်ဆောင်နေဆဲဖြစ်ပါတယ်။
ဒါ့အပြင် မနေ့က မွန်းလွဲပိုင်းအချိန်မှစတင်ကာ ရေတက်မှုများစွာရှိလာပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကြီးမြို့ ဦးကြီး ခမ်းရပ်ဂုဏ်ထူးလမ်းတွင်လည်း လမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။