ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးပြည်ထောင်စုလမ်းမကြီး၊ နောင်လေကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာအနီးမှာ မနေ့က (အောက်တိုဘာ ၂၁) ရက်၊ နေ့လယ် ၁ နာရီ ၁၀ မိနစ်ခန့်က ဆီဘောက်ဆာ (၂၂) ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ လမ်းဘေးမှာ စက်ပျက်လို့ရပ်ထားတဲ့ (၁၂) ဘီးယာဉ်တစ်စီးကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်ကြောင့် (၁၂) ဘီးယာဉ်အောက်မှာ စက်ပြင်နေတဲ့ အမျိုးသားယာဉ်မောင်း (၁) ဦးမှာ ယာဉ်တိုက်မိမှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး သေဆုံးသူကို ဟိုပုံးမြို့ရှင်မှုလူမှုရေးအသင်းပိုင် သူနာတင်ယာဉ်နဲ့ စစ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆီဘောက်ဆာယာဉ် တိမ်းမှောက်ခဲ့ခြင်းကြောင့် မီးလောင်မှုမဖြစ်ပွားစေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်း လုပ်ငန်းများ အပါအဝင် လိုအပ်တဲ့ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုပါ ဆက်လက်ဆောင်ရွက်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#တောင်ကြီး#မြန်မာ#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း