Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ငူမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွား၊ မီးသတ်ယာဉ် ၄ စီးဖြင့် ငြိမ်းသတ်ခဲ့ရ

၂၀၂၅၊ စက်တင်ဘာလ၊၃ရက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁၈) ရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်းက နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၃ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး သတင်းရတာနဲ့ တစ်ပြိုင်နက် တောင်ငူမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ Taungoo Rescue ပရဟိတအသင်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးနဲ့ မဟာမေတ္တာပရဟိတအသင်းက ရေသယ်ယာဉ် ၁ စီးတို့က သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။

သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များရဲ့ ကြိုးပမ်းမှုကြောင့် နံနက် ၃ နာရီ ၃၃ မိနစ်မှာ မီးကို အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

#mercury#mercurynews#တောင်ငူ#မီးလောင်#မြန်မာ#ပြည်တွင်းသတင်း