ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်၊ သစ္စာလမ်းမပေါ်ရှိ ပုဏ္ဏီမီကားမှတ်တိုင်အနီးမှာ အမျိုးသားတစ်ဦး ဖုန်းလုယက်ခံရပြီး ဓားဖြင့်ပါအထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဓားဖြင့်အထိုးခံသူ အမျိုးသားဟာ သူ့ရဲ့ဖုန်းကို လုယက်ခံရစဉ် ပြန်လည်ခုခံခဲ့ရာမှ ဓားဖြင့် အထိုးခံခဲ့ရခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားရန် သူရလမ်းမပေါ်သို့ ရောက်ရှိချိန်တွင် သွေးထွက်လွန်ကာ လဲကျခဲ့တယ်လို့ မေတ္တာ သီတာ ရေစင် လှုမှုကူညီရေး အသင်းရဲ့ ဖော်ပြချက် အရ သိရပါတယ်။
လူမှုကူညီရေးအသင်းထံ အကူအညီတောင်းခံခဲ့သဖြင့် အဖွဲ့သားများက လူနာအား ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် လက်ရှိမှာ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
#mercury#mercurynews#တောင်ဉက္ကလာ#မှုခင်း#ပြည်တွင်းသတင်း