တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ ရတနာလမ်းနှင့်သံသုမာလမ်းကြားမှာ မီးလောင်
၂၀၂၆၊ဇန်နဝါရီလ၊၂၈ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ ရတနာလမ်းနှင့်သံသုမာလမ်းကြားမှာ မနေ့က ဇန်နဝါရီလ ၂၇ရက် ညပိုင်း ၈နာရီ ၃၂မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရာကို တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သင်္ဃကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့နဲ့ ထွက်ခွာမီးငြိမ်းသတ်ခဲ့ကြပါတယ်။
ည ၈နာရီ ၄၅မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၈နာရီ ၅၃မိနစ်မှာ မီးကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
