ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ဝေဇယန္တာလမ်းမပေါ်မှာ ဒီနေ့မနက်အစောပိုင်းက ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှုကြောင့် အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၈) ဦး စုစုပေါင်း (၁၅) ဦး (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။
လူနာများကို အခင်းဖြစ်နေရာမှ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို မေတ္တာသီတာရေစင် အရေးပေါ်လူနာတင်ယာဉ် (၃) စီး၊ကောင်းမှုဆောင် လူနာတင်ယာဉ် (၂) စီး၊မျှဝေခံစားတွဲလက်များ လူနာတင်ယာဉ် (၁) စီးတို့နဲ့ ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။
#mercury#mercurynews#တောင်ဉက္ကလာ#မှုခင်း#ယာဉ်တိုက်မှု