Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တံတားဖြူမှတ်တိုင်အနီးတွင် ဘေးတွဲ မော်တော် ဆိုင်ကယ်ယာဥ်က လူတစ်ဦးအားတိုက်မိ

————————————

၂၀၂၅ခုနှစ်၊မေလ၊(၃၁)ရက်

ဒဂုံတောင်ပိုင်း၊တံတားဖြူမှတ်တိုင်အနီးမှာ ဘေးတွဲ မော်တော် ဆိုင်ကယ်ယာဥ်က လူတစ်ဦးကိုတိုက်မိခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)YROမှ သိရပါတယ်။

အဲဒီ့ဖြစ်စဉ်မှာ ဒဏ်ရာရသူဟာ လမ်းဘေးရပ်နေသူ အမျိုးသား ဖြစ်ပြီး သူ့ကို မြေပြင်ပြုစုမှုပြုပေးကာ လူနာတင် ယာဥ်ဖြင့် အထွေထွေရောဂါကုဆေးရုံ (​​​မြောက်ဥက္ကလာပ)သို့ ပို့ဆောင်ကူညီခဲ့တယ်လို့ဆိုပါတယ်။

ဖြစ်စဥ်သို့ YRO အဖွဲ့ဝင် ” မြို့ဦးလုလင် ” နာရေးကူညီမှုအသင်း (၂၆၊ဒဂုံတောင်ပိုင်း)မှ စေတနာ့ ဝန်ထမ်းများသည် ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

#mercury#mercurynews#မှုခင်း#ပြည်တွင်းသတင်း