အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးတို့ အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ပြီး ထရမ့်က တာဝေးပစ် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များ ယူကရိန်းဆီ ကူညီပံ့ပိုးမယ့် ကိစ္စနှင့် ပတ်သက်ပြီး သတိထားပြောသွားပါတယ်။
သမ္မတထရမ့်က တိုမာဟော့ခ်ဒုံးကျည်ကို ယူကရိန်းဆီ ပေးအပ်ပါက “ပိုမိုကြီးမားတဲ့ တင်းမာမှုတွေနဲ့ မကောင်းတဲ့ အရာတွေ အများကြီး ဖြစ်လာနိုင်တယ်” လို့ မှတ်ချက်ပြုခဲ့ပြီး အစောပိုင်းမှာ ယူကရိန်းကို တိုမာဟော့ခ်ဒုံကျည် ပေးရန် ဆန္ဒရှိကြောင်း အချက်ပြခဲ့သော်လည်း ဗလာဒီမီယာ ပူတင်နှင့် ဖုန်းဖြင့် စကားပြောဆိုပြီးနောက် “ကျွန်တော်တို့လည်း သူတို့ကို လိုအပ်တယ်… ဒါကြောင့် ဘာလုပ်နိုင်မလဲ ဆိုတာ မသိဘူး” သတိထားပြောင်းပြောသွားပါတယ်။
သမ္မတထရမ့်က ယူကရိန်းစစ်ပွဲကို မကြာမီ အဆုံးသတ်နိုင်လိမ့်မယ်ဟု အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပါက တာဝေးပစ်ဒုံးကျည်များ တောင်းဆိုရန် မလိုတော့ကြောင်း ဇလန်စကီးအား ပြောခဲ့ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်က ဂါဇာ အပစ်အခတ်ရပ်စဲရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ၄ နှစ်ကြာမြင့်နေပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲကိုလည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ ထရမ့်က မျှော်လင့်နေပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#ယူကရိန်း