Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထရမ့်နှင့် ရှီကျင့်ဖျင်တို့ တောင်ကိုရီးယားမှာ တွေ့ပြီ။ ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုများ စတင်

၂၀၂၅၊အောက်တိုဘာလ၊၃၀ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ လေဆိပ်မှာ စတင်တွေ့ဆုံနေကြပြီဖြစ်ပါတယ်။ယခု တွေ့ဆုံမှုဟာ နှစ်နိုင်ငံအကြား မကြာခဏဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရရှိရန် ဆွေးနွေးမှုများ စတင်လိုက်ခြင်း ဖြစ်ပါတယ်။

တွေ့ဆုံပွဲသို့ ဝင်ရောက်လာချိန်မှာ သမ္မတ ထရမ့်က “အလွန်တရာမှ အောင်မြင်တဲ့ အစည်းအဝေးတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ကြောင်း” ပြောကြားခဲ့သလို တရုတ်သမ္မတ ရှီ ကျင့်ဖျင်ကလည်း ထရမ့်ကို တွေ့ရခြင်းသည် ကောင်းမွန်ကြောင်း နှုတ်ဆက်ခဲ့ပြီး၊ “ကမ္ဘာ့ဦးဆောင်စီးပွားရေးနိုင်ငံနှစ်ခုအနေနဲ့ မကြာခဏဆိုသလို ပွတ်တိုက်မှုတွေ ရှိနေတာဟာ ပုံမှန်ပါပဲ”လို့ ဆိုပါတယ်။

ခေါင်းဆောင်နှစ်ဦး နောက်ဆုံးတွေ့ဆုံခဲ့ခြင်းမှာ ၂၀၁၉ ခုနှစ်က ဂျပန်နိုင်ငံ၊ အိုဆာကာတွင် ကျင်းပခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာဖြစ်ပြီး သမ္မတထရမ့်ဟာ လက်ရှိ အာရှခရီးစဉ်မှာ သူလိုချင်တဲ့ သဘောတူညီချက်အချို့ ကို ထားပြီလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ခေါင်းဆောင်နှစ်ဦးက သတင်းထောက်များကို အပြင်သို့ ထွက်ခွာစေခဲ့ပြီး အရေးကြီးသော ကုန်သွယ်ရေးနှင့် သံတမန်ရေးရာ ကိစ္စရပ်များကို တံခါးပိတ်ဆွေးနွေးလျက်ရှိပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#တရုတ်#ကုန်သွယ်ရေးစစ်ပွဲ

U.S. President Donald Trump shakes hands with Chinese President Xi Jinping as they hold a bilateral meeting at Gimhae International Airport, on the sidelines of the Asia-Pacific Economic Cooperation (APEC) summit, in Busan, South Korea, October 30, 2025. REUTERS/Evelyn Hockstein