Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထရမ့်နှင့် ရှီတို့ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှု တိကျသည့်ရလဒ်မကြေညာဘဲ အဆုံးသတ်၊ ထရမ့် က မြေရှားသတ္တုကိစ္စ ဖြေရှင်းနိုင်ခဲ့ဟု ဆို

၂၀၂၅၊အောက်တိုဘာလ၊၃၀ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်နဲ့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်တို့ဟာ တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့ (အောက်တိုဘာ ၃၀) ရက်က နှစ်နာရီကြာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့်လည်း တိကျတဲ့ရလဒ်တစ်စုံတစ်ရာကို လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိဘဲ အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

ထရန့်ဟာ ခြောက်နှစ်အတွင်း ရှီနှင့်ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ ပြန်လည်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

သမ္မတထရမ့်က တောင်ကိုရီးယားကနေ ထွက်ခွာလာပြီးနောက် Air Force One လေယာဉ် သတင်းထောက်များနှင့် တွေ့ဆုံချိန်မှာ အစည်းအဝေး ရလဒ်အချို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အရေးပါတဲ့ မြေရှားသတ္တု (Rare Earth Metals) အရေးကိစ္စကို တရုတ်နှင့် ဖြေရှင်းနိုင်ခဲ့ပြီး၊ တရုတ်နိုင်ငံက မြေရှားသတ္တုများ တင်ပို့ရောင်းချမှုကို ထိန်းချုပ်ကန့်သတ်တော့မှာ မဟုတ်ကြောင်း ကတိရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ-အေအက်ဖ်ပီသတင်း

#mercury#mercurynews#နိုင်ငံတကာသတင်း#တရုတ်#အမေရိကန်

U.S. President Donald Trump shakes hands with Chinese President Xi Jinping as they hold a bilateral meeting at Gimhae International Airport, on the sidelines of the Asia-Pacific Economic Cooperation (APEC) summit, in Busan, South Korea, October 30, 2025. REUTERS/Evelyn Hockstein