Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထရမ့်ရဲ့ လော့အိန်ဂျလိစ်သို့ တပ်ဖွဲ့များ ထပ်မံစေလွတ်၊ဆန္ဒပြမှုများ ပိုမို ပြင်းထန်လာ

ထရမ့်ရဲ့ လော့အိန်ဂျလိစ်သို့ တပ်ဖွဲ့များ ထပ်မံစေလွတ်၊ဆန္ဒပြမှုများ ပိုမို ပြင်းထန်လာ

၂၀၂၅၊ဇွန်လ၊၁၀ရက်

ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် လော့စ်အိန်ဂျလိစ်မှာ လေးရက်မြောက်နေ့အထိ ဆန္ဒပြမှုများ ဆက်လက်ပြင်းထန်နေပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အခြေအနေကို ထိန်းချုပ်ရန် တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

ယခင်စေလွှတ်ထားသော အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် ၂,၀၀၀ ဦးအပြင် နောက်ထပ် ၂,၀၀၀ ဦးနဲ့ မရိန်းအထူးတပ်ဖွဲ့ဝင် ၇၀၀ ဦးကိုပါ ချထားရန် သမ္မတထရမ့်က အမိန့်ပေးခဲ့တာပါ။

ပန်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် Sean Parnell ကလည်း တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ICE (လူဝင်မှုကြီးကြပ်ရေးနှင့် အခွန်ဌာန) နှင့် ဖက်ဒရယ်ရဲအရာရှိများအား ကူညီရန် စေလွှတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဖက်ဒရယ်တပ်ဖွဲ့များ ချထားမှုနှင့် ပတ်သက်ပြီး ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Gavin Newsom က ထရမ့်အစိုးရကို တရားစွဲဆိုခဲ့သော်လည်း သမ္မတထရမ့်ကတော့ ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#LA

Demonstrators holding signs and a combination US and Mexican flag face California National Guard members standing guard outside the Federal Building as they protest in response to federal immigration operations in Los Angeles, on June 9, 2025. US President Donald Trump on June 9 ordered active-duty Marines into Los Angeles, vowing those protesting immigration arrests would be “hit harder” than ever. Protests in Los Angeles, home to a large Latino population, broke out on June 6, triggered by immigration rai
LOS ANGELES, CALIFORNIA – JUNE 09: Police and National Guard members protect a federal building during a protest on June 9, 2025 in Los Angeles, California. Tensions in the city remain high during this third day of immigrant rights protests and after the Trump administration called in the National Guard, against the wishes of city leaders and the governor, to put down the protests. (Photo by Mario Tama/Getty Images)