အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်စည်များအပေါ် ချမှတ်ထားတဲ့ စည်းကြပ်ခွန် (၃၀%) ကို (၁၀၀%) အထိ ထပ်မံတိုးမြှင့် ကောက်ခံမယ်လို့ အမိန့်ကြေညာလိုက်တာကြောင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ (Big Tech)ရဲ့ ဈေးကွက်တန်ဖိုးဟာ စုစုပေါင်း ဒေါ်လာ ၇၇၀ ဘီလျံနီးပါး ဆုံးရှုံးသွားခဲ့ကြောင်း သတင်းများက ဖော်ပြပါတယ်။
သမ္မတထရမ့်ရဲ့ အခွန်စည်းကြပ်ခွန်အမိန့်ကြောင့် အမေရိကန်ရှိ ထိပ်တန်း နည်းပညာကုမ္ပဏီကြီး (၇) ခုဖြစ်တဲ့ Nvidia၊ Apple၊ Microsoft၊ Amazon၊ Tesla၊ Meta၊ Alphabet တို့ဟာလည်း ဈေးကွက်တန်ဖိုးတွေ များစွာ ကျဆင်းသွားခဲ့ပါတယ်။
Nvidiaဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၂၉ ဘီလျံ၊ Amazonဟာ ဒေါ်လာ ၁၂၁ ဘီလျံ၊ Microsoftဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၈၅ ဘီလျံ၊ Tesla ဟာ ဒေါ်လာ ၇၁ ဘီလျံအထိ ကျဆင်းခဲ့သလို Google (Alphabet)နဲ့ Meta (Facebook) တို့ဟာလည်း ရှယ်ယာတန်ဖိုး ၂% ကနေ ၄% အထိ ကျဆင်းသွားခဲ့ပါတယ်။
စုစုပေါင်း Market Cap ဆုံးရှုံးမှုဟာ ဒေါ်လာ ၇၇၀ ဘီလျံအထိ ရှိခဲ့ပြီး CNBC ရဲ့ အစီရင်ခံစာများအရ Nasdaq အညွှန်းကိန်း ၃.၆% နဲ့ S&P 500 အညွှန်းကိန်း ၂.၇% တို့ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
espoke Investment Group ရဲ့ တွက်ချက်မှုအရ သမ္မတ ထရမ့်ရဲ့ လူမှုကွန်ရက် ပို့စ်တစ်ခုတည်းကြောင့် အမေရိကန်စတော့ဈေးကွက်ရဲ့ ဒေါ်လာ ၂ ထရီလီယံဖိုးနီးပါး ပျောက်ဆုံးခဲ့တယ်လို့ ခန့်မှန်းရပြီး စည်းကြပ်ခွန်ကြေညာချက်ရဲ့ ရိုက်ခတ်မှုဟာ Cryptocurrency ဈေးကွက်အပေါ်ပါ သက်ရောက်ခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၉ ဘီလျံကျော် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်ပါတယ်။
#mercury#mercurynews#ထရမ့်#အခွန်#trading#cryptocurrency#စီးပွားရေး