Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထရမ့်ရဲ့ EU အပေါ် အခွန်တိုးမြှင့်‌ ကောက်ခံတာကို ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ပြင်သစ် သမ္မတမက်ခရွန်းပြော

၂၀၂၅၊ဇူလိုင်လ၊၁၃ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ရဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအပေါ် အခွန်တိုးမြှင့် ကောက်ခံမယ့်ကိစ္စကို လုံးဝ သဘောမတူနိုင်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက တုံ့ပြန်ပြောဆိုပါတယ်။

ဆွေးနွေးမှုတွေ လုပ်သွားဖို့ရှိပြီး အကယ်၍ ဩဂုတ်လ ၁ ရက်နေ့အထိ အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက် မရဘူးဆိုရင် ဥရောပရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့အတွက် အမေရိကန်ကို တန်ပြန်အရေးယူမှုတွေဆောင်ရွက်ရမယ်လို့ မက်ခရွန်းက ဆိုပါတယ်။

အီတလီ၊နယ်သာလန်၊ဗြိတိန်အပါအဝင် EU အဖွဲ့ဝင်နိုင်ငံတွေက အမေရိကန်နဲ့ အပြန်အလှန် အကျိုးရှိတဲ့ သဘောတူညီချက်ရဖို့အတွက် EU အနေနဲ့ စည်းလုံးညီညွတ်ပြီး ပြတ်သားစွာ ရပ်တည်ဖို့လိုကြောင်း ထုတ်ပြောလာကြပြန်ပါတယ်။

ပေါ်တူဂီ၊ ဂျာမနီနဲ့ တခြားဥရောပနိုင်ငံတွေကတော့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးထိခိုက်မဲ့ အခြေအနေတွေကိုစိုးရိမ်ကြောင်း ပြောထားပါတယ်။

ဒေါနယ်ထရမ့်ရဲ့ EUအပေါ် အခွန်တိုးမြင့်ကောက်ခံမယ့်လုပ်ရပ်ကြောင့် ဉရောပနိုင်ငံတွေနဲ့ အမေရိကန်ကြား ကုန်သွယ်ရေး တင်းမာလာနိုင်ပြီး ကမ္ဘာ့စီးပွားရေးအပေါ် တိုက်ရိုက် သက်ရောက်လာနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

#mercury#mercurynews#နိူင်ငံတကာ#အမေရိကန်#ဉရောပ