Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းတော်ဝင်မင်းသမီးကြီးသီရိဒုံက မြန်မာ‌ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့လှူဒါန်း

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ထိုင်းတော်ဝင်မင်းသမီးကြီး (အရင်ထိုင်းဘုရင်ရဲ့သမီးတော်၊အခုထိုင်းဘရင်ရဲ့နှမတော်မဟာချက်ကရီသီရိဒုံက သင်ကြားရေးနဲ့ ရုံးလုပ်ငန်းပစ္စည်းကိရိယာများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၆) ရက်က လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.M r. Mongkol Visitstump နှင့် သံရုံးတာဝန်ရှိသူများမှတဆင့် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အရင်ကလည်း မန္တလေးငလျင်ဒ-ဏ်ကြောင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ပျက်စီးတာကိုလည်း လှူဒါန်းပေးခဲ့ဖူးပြီး ထိုင်းနိုင်ငံတော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းအဖြစ် ကွန်ပျူတာများ၊ ပရိုဂျက်တာများ၊ ပရင်တာများ၊ လေအေးပေးစက်များ၊ မိတ္တူကူးစက်များနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

#mercurynews#ပြည်တွင်းသတင်း#ရေဆင်းဟိုက်ပျိုးရေးတက္ကသိုလ် #