Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းတွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၂၀ ဦး နစ်နာကြေး ဘတ် ၃ သန်းကျော် ပြန်ရရှိ

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင် ရှိ အလုပ်ရုံတစ်ခုကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၃၂၀ ဦး ဟာ နစ်နာကြေးအဖြစ် ဘတ် ၃ သန်းကျော် ပြန်လည်ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့တဲ့ MHAC မဟာမိတ်အဖွဲ့ က အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါစက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၃၂၀ ဦးကို အလုပ်ရှင်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ မှာ ကြိုတင်အကြောင်းမကြားဘဲ လုပ်သက် ၄ လ မပြည့်ခင် အလုပ်ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး အလုပ်ထုတ်ခံရပြီးနောက် အောက်တိုဘာလ ၄ ရက်နေ့ မှာ မြန်မာလုပ်သားတွေက နစ်နာကြေးအတွက် အကူအညီတောင်းခံခဲ့ကြပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ မှာတော့ စဝါဒီကန်ရုံး (အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး) မှာ စက်ရုံလုပ်ငန်းရှင်နဲ့ ကြားခံအေဂျင်စီတို့က လာရောက်ဖြေရှင်းပေးခဲ့ပြီး ဖြေရှင်းပေးမှုအပြီးမှာတော့ အလုပ်သမားတွေဟာ စုစုပေါင်း ဘတ်ငွေ ၃,၀၄၅,၆၀၀ ရရှိခဲ့ပါတယ်။ နစ်နာကြေးပေးချေမှုအခြေအနေအရ လုပ်သက် ၃ လကျော်သူတွေ အတွက် ဘတ် ၁၀,၈၀၀ စီနဲ့ လုပ်သက် ၃ လမကျော်သူတွေ အတွက် ဘတ် ၉,၀၀၀ စီ ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

#mercury#mercurynews#ထိုင်း#မြန်မာ#အလုပ်သမား