Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄ သိန်းကျော်ပြီ၊ ဘန်ကောက်၌ နေ့စဉ်ကူးစက်မှု အမြင့်ဆုံးဖြစ်နေ

၂၀၂၅၊ဇွန်လ၊၁၂ရက်

ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄ သိန်းကျော်အထိ ရှိလာခဲ့ပြီး မြို့တော်ဘန်ကောက်တွင် နေ့စဉ်ကူးစက်မှု အများဆုံးဖြစ်နေကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ရဲ့ ဇွန်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်ကို The Nation သတင်းမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၁ ရက်နေ့တစ်ရက်တည်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအသစ် ၇,၅၂၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ ပြင်ပလူနာ ၇,၁၆၄ ဦးနဲ့ ဆေးရုံတက်ရောက်ကုသမှုခံယူရသူ ၃၆၃ ဦးတို့ ပါဝင်နေပါတယ်။

နောက်ဆုံးစာရင်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစပြီး ယခုအထိ စုစုပေါင်းလူနာ ၄၃၉,၅၂၇ ဦးအထိ မြင့်တက်လာခဲ့ပြီလို့ သိရပါတယ်။

ထို့အပြင် သေဆုံးသူ ၆ ဦး ထပ်မံရှိခဲ့တာကြောင့် အဆိုပါကာလအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၃၀ ဦးအထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံး ပြည်နယ် ၅ ခုမှာ ဘန်ကောက်၊ နခွန်ရတ်ချ်ဆီမာ၊ စုဖန်ဘူရီ၊ ချွန်ဘူရီနှင့် ခွန်ခေးတို့ဖြစ်ကြောင်း DDCရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါတယ်။

#mercury#mercurynews#ကိုဗစ်#ထိုင်း#နိုင်ငံတကာသတင်း