ထိုင်းနိုင်ငံ၊ အယုဒ္ဓယ (Ayutthaya) ခရိုင်တစ်ဝှမ်းမှာ ကျောက်ဖရားဆည်က ရေလွှတ်မှုများ တိုးမြှင့်လိုက်တာကြောင့် ရေကြီးမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး အိမ်ထောင်စုပေါင်း ၆၀,၀၀၀ နီးပါး ရေဘေးသင့်ကာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
တော်ဝင်ဆည်မြောင်းဦးစီးဌာနက ရေလွှတ်နှုန်းကို တစ်စက္ကန့် ကုဗမီတာ ၂,၈၀၀ အထိ တိုးမြှင့်လိုက်ပြီးနောက် တူးမြောင်းများက ရေမျက်နှာပြင်များ ကမ်းပါးများပေါ်ဆီ ကျော်လွှားကာ မြို့နယ်နှင့် ကျေးရွာများအတွင်း ရေဝင်ရောက်ခဲ့တာပါ။ အယုဒ္ဓယရဲ့ သမိုင်းဝင် မြို့တော်ကျုံးမှလည်း ရေများလျှံထွက်ခဲ့ပြီး လူနေရပ်ကွက်များအတွင်းအထိ ရေများ ဝင်ရောက်နေပါတယ်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးရုံးရဲ့ အစီရင်ခံစာအရ ရေဘေးသင့် အိမ်ထောင်စုစုပေါင်း ၅၈,၄၇၇ စု၊ခရိုင် ၁၁ ခု၊ မြို့နယ်ခွဲ ၁၄၃ ခု၊ ကျေးရွာ ၉၄၅ ရွာမှာ ရေဝင်ရောက်နေပြီး သေဆုံးသူ စုစုပေါင်း ၁၄ ဦးရှိပြီဖြစ်ပါတယ်။
#mercury#mercurynews#ရေကြီး#ထိုင်း#အာဆီယံ#အယုဒ္ဓယ
