ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဘူမ်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) ခေါင်းဆောင် အနုတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ကို ပါလီမန်က မနေ့က (စက်တင်ဘာ ၅ ရက်) မှာ ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်ပါတယ်။
မနေ့က နေ့လယ်ပိုင်းက အောက်လွှတ်တော်မှာ ၂ နာရီကြာ ဆွေးနွေးမဲပေးခဲ့ရာ အနုတင်ဟာ ဝန်ကြီးချုပ်ဖြစ်ရန် လိုအပ်တဲ့မဲအရေအတွက်ကို ကျော်လွန်ကာ ၃၁၁ မဲ ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြိုင်ဘက် ဖူထိုင်းပါတီ (Pheu Thai Party) မှ ကိုယ်စားလှယ်လောင်း ချိုက်ကာဆမ် နီတီဆီရီ (Chaikasem Nitisiri)ဟာ ၁၅၂ မဲ ရရှိခဲ့ပြီး၊ ကြားနေမဲ ၂၇ မဲ ရှိခဲ့ပါတယ်။
အနုတင် ဟာ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံအတွက် ၂ နှစ်ကျော်အတွင်း စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး လာမယ့်နှစ်အစောပိုင်းမှာ ရွေးကောက်ပွဲအသစ် ကျင်းပရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ဟောင်း ပေတုန်တန် ရှင်နာဝတ်ထရာကို ရာထူးမှ ထုတ်ပယ်လိုက်တာကြောင့် လက်ရှိအစိုးရအဖွဲ့တစ်ခုလုံးကို ဖျက်သိမ်းလိုက်ရပြီဖြစ်ပါတယ်။
#mercury#mercurynews#ထိုင်း#အာဆီယံ#နိုင်ငံတကာသတင်း#အနုတင်