Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းဘုရင့်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဒုတိယဆု ဆွတ်ခူးရရှိ


၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၂၃)ရက်

ထိုင်းဘုရင့်ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ  မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဒုတိယဆု ဆွတ်ခူးရရှိတယ်လို့ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရပါတယ်။

ထိုင်းနိုင်ငံ Hat Yaiမြို့မှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ The 38th Thai King’s Cup 2025 ပြိုင်ပွဲမှာ  အမျိုးသမီး Hook Takraw Event ပွဲစဉ်တွေကို  ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသမီးအသင်းမှ ရမှတ်စုစုပေါင်း (၇၅၀)မှတ်ရရှိခဲ့ပြီး ဒုတိယဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲမှာထိုင်းအသင်းမှ ပထမဆု ရမှတ် (၉၀၀)

၊မြန်မာအသင်းမှဒုတိယဆု ရမှတ် (၇၅၀)၊

ဗီယက်နမ်အသင်းမှတတိယဆု ရမှတ် (၄၄၀)နှင့်

လာအိုအသင်းမှလည်းတတိယဆု ရမှတ်(၃၂၀) အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။