Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းဘုရင့်မယ်တော် နတ်ရွာစံခြင်းအပေါ် ရက် ၉၀ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင်ဝတ်ဆင်ရန် ထိုင်းအစိုးရ မေတ္တာရပ်ခံ

၂၀၂၅၊အောက်တိုဘာလ၊၂၅ရက်

ထိုင်းနိုင်ငံရဲ့ ဘုရင့်မယ်တော်၊ မိဖုရားကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ (အောက်တိုဘာ ၂၅) ရက်မှစတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပြည်သူများကို အနက်ရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ ဝတ်ဆင်ကြရန် ထိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံလိုက်ကြောင်း ထိုင်းအစိုးရပိုင် ရုပ်သံ NBT က ထုတ်ပြန်ပါတယ်။

ထိုင်းဝန်ကြီးချုပ်က အစိုးရဝန်ထမ်းများနဲ့ အစိုးရအရာရှိများအနေနဲ့ တစ်နှစ်တာလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် ဝတ်စုံများ ဝတ်ဆင်ရန် မေတ္တာရပ်ခံခဲ့ထားသလို နိုင်ငံတော်အလံကိုလည်း ရက် ၃၀ အတွင်း အစိုးရရုံးများမှာ တဝက်လွှင့်တင်ရန် ထိုင်းဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

#mercury#mercurynews#ထိုင်း#နိုင်ငံတကာသတင်း#အာဆီယံ

BANGKOK, THAILAND – 2025/10/25: Chulalongkorn Hospital lowered the national flag to half-mast to express mourning after the Royal Household Bureau announced the passing of Her Majesty Queen Sirikit The Queen Mother peacefully at King Chulalongkorn Memorial Hospital, Thai Red Cross Society, at the age of 93. (Photo by Arnun Chonmahatrakool/Thai News Pix/LightRocket via Getty Images)