Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်း‌ရောက်မြန်မာများကို စခန်း(၄)ခုဖွင့်ပြီး သက်သေခံလက်မှတ်ထုတ်ပေးနေ

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၉)ရက်

ထိုင်း‌ရောက်မြန်မာတွေကို ထိုင်းနိုင်ငံ စမု စခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်တို့မှာ စခန်း(၄)ခုဖွင့်ပြီး သက်သေခံလက်မှတ်ထုတ်ပေးနေတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှာ ရှိသော မြန်မာအလုပ်သမားတွေကို သြဂုတ်လ(၆)ရက်ကစပြီးဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။


ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေပါ ခံစားခွင့်များရရှိနိုင်စေရေး၊ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းအပြည့်အဝရရှိစေရေးနဲ့ အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာတဲ့အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certifi-cate of Identity- CI ) ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


စခန်းတွေကို ထိုင်းစံတော်ချိန် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက် ပေးလျက်ရှိကြောင်းနဲ့ အပတ်စဉ် တနင်္လာနေ့နှင့် မြန်မာသံရုံး (ဗန်ကောက်မြို့)မှ သတ်မှတ် ထားသော ရုံးပိတ်ရက်များကို အလုပ်နားရက်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။