မေ ၃၀ ရက် ညပိုင်းက ဘန်ကောက်မြို့ Lumpinee မျက်နှာပြင်မှာ ကျင်းပတဲ့ One Friday Fights 110မှာ မြန်မာဖိုက်တာ ထွန်းမင်းအောင်က ထိုင်းဖိုက်တာ ချက်ဖက် ကို ဒုတိယအချီမှာ အလဲထိုးနဲ့အနိုင်ရရှိပြီး ဘောနပ်ဆုကြေး ထိုင်းဘတ် ၃ သိန်းခွဲ ရရှိသွားခဲ့ပါတယ်။
ယခုနိုင်ပွဲဟာ ထွန်းမင်းအောင်ရဲ့ ဒုတိယမြောက်နိုင်ပွဲဖြစ်ပြီး ပထမအကြိမ် နိုင်ပွဲမှာလည်း ဘောနပ်ဆုကြေးရရှိခဲ့ပါတယ်။ထွန်းမင်းအောင်ဟာ ONE မှာ လေးပွဲထိုးထားပြီး ၂ပွဲနိုင်၂ပွဲရှုံးထားပါတယ်။
ထွန်းမင်းအောင်ရဲ့ပြိုင်ဘက် ထိုင်းဖိုက်တာ ချက်ဖက်အတွက်ကတော့ ONE တွင် ပထမဆုံးအဖွင့်ပွဲဖြစ်ပြီး ပထမပွဲမှာပင် ရှုံးနိမ့်မှုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
#mercury#mercurynews#ထိုင်း#မြန်မာ#onechampionship