Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဒဂုံမြို့သစ် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမပေါ်တွင် Wifi ကြိုးများ မီးလောင်မှုဖြစ်ပွား

၂၀၂၅၊အောက်တိုဘာလ၊၃၁ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၈) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယမန်နေ့ (အောက်တိုဘာ ၃၀) ရက်၊ ည ၇ နာရီ ၂၆ မိနစ်ခန့်က Wifi ကြိုးများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာနေရာကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁) စီနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်ခဲ့ကြပြီး ည ၇ နာရီ ၃၁ မိနစ်အချိန်တွင် မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#မီးလောင်#မြန်မာ#ပြည်တ္ငင်းသတင်း