ယူကရိန်း ကနေ မနေ့က ရုရှားနိုင်ငံ မော်စကို မြို့တော် ကို ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် မော်စကိုမြို့မှာရှိတဲ့ အဓိက လေဆိပ် လေးခု စလုံးကို လုံခြုံမှုသေချာစေရန် ယာယီပိတ်ထားလိုက်ကြောင်း ရုရှား လေကြောင်း အာဏာပိုင်အဖွဲ့ Rosaviatsia က ထုတ်ပြန် ထားပါတယ်။
မော်စကိုမြို့တော်ဝန် Sergei Sobyanin ကတော့ ယူကရိန်း ဒရုန်းအနည်းဆုံး ၁၉ စင်း လောက်ဟာ မော်စကိုမြို့ ကို မရောက်ရှိမီ ဖျက်ဆီးခံခဲ့ရတယ်လို့ သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
ရုရှားဟာ မော်စကိုမှာ ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၈၀ ပြည့် စစ်ရေးပြ အခမ်းအနား ကို သူ့မဟာမိတ် နိုင်ငံတွေကိုပါ ဖိတ်ခေါ်ကျင်းပဖို့ ရှိနေပြီး ယူကရိန်း သမ္မတ ဇလန်စကီး က အခမ်းအနားရဲ့ လုံခြုံရေးကို သူ အာမခံမှာ မဟုတ်ဘူးလို့ ထုတ်ဖေါ် ပြောကြား ထားပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။
#mercury#mercurynews#ရုရှား#မော်စကို#ယူကရိန်း