မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားဟာ မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးတော့မယ်လို့သိရပါတယ်။
ဒလတံတားကို တန်ချိန်၁၅၀၀၀ရှိတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ ပြည်တွင်းရေကြောင်းသွားသင်္ဘောကြီးတွေ အောက်ကဖြတ်သန်းသွားလာနိုင်အောင် တံတားကင်းလွတ်အမြင့် ပေ၁၆၀နဲ့ အကျယ်၉၉၈ပေထားရှိပြီး ချဉ်းကပ်တံတားနဲ့ ဆင်ခြေလျှောတံတားတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ တွက်ချက်တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒလတံတားကြီးပြီးသွားရင် ရန်ကုန်ကနေ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒရဲကနေတစ်ဆင့် ဖျာပုံ၊ ဘိုကလေးမြို့တွေနဲ့ ကမ်းခြေဒေသတွေကို ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တွေကို ဆက်သွယ်သွားလာနိုင်မယ်လို့ သိရပါတယ်။
ဓါတ်ပုံ-မူရင်းဓါတ်ပုံပိုင်ရှင်creditပေးပါသည်။