Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဓနုဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ် စက်ချို့ယွင်းကာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အမျိုးသမီးနှစ်ဦးကို ၀င်တိုက်

၂၀၂၅၊ဇွန်လ၊၁၁ရက်

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ဝါးတန်းကျေးရွာအနီးမှာ ဇွန်လ ၉ ရက် နံနက် ၈ နာရီကျော်ခန့်က “စိန်နိုင်ကျော်” ခရီးသည်တင်ယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပွားပြီး လမ်းဘေးမှာရပ်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အခြားအမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့မှ ရန်ကုန်သို့ မောင်းနှင်လာတဲ့ “စိန်နိုင်ကျော်” ခရီးသည်တင်ယာဉ်ဟာ ဝါးတန်းကျေးရွာအနီးအရောက်မှာ စက်ချို့ယွင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်မိကာ လမ်းဘေးသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် လမ်းဘေးတွင်ရပ်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ လက်မောင်းကျိုးခဲ့ပြီး၊ ကျောင်းကြိုရန် စောင့်ဆိုင်းနေတဲ့ အခြားအမျိုးသမီးတစ်ဦးမှာ ပေါင်ရိုးကျိုးခဲ့ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူတစ်ဦးက ပြောပါတယ်။

ယာဉ်မောင်းနဲ့ စပယ်ယာတို့က အနည်းငယ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို ဓနုဖြူဆေးရုံမှတစ်ဆင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ထပ်မံပို့ဆောင်၍ ဆေးကုသမှုခံယူစေရန် ဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။

#mercury#mercurynews#မှုခင်း#ယာဉ်တိုက်#မြန်မာ