Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဓနုဖြူမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ

၂၀၂၅၊အောက်တိုဘာလ၊၃၀ရက်

ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ စက္ကော့-ဇလွန်-ဓနုဖြူ ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈/၄) အနီးမှာ ဒီနေ့မနက် (အောက်တိုဘာ ၃၀) ရက်၊ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို ဓနုဖြူမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး၊ ကျန် အမျိုးသား (၁) ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရအဆင့်) ရရှိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူတို့ကို လပြည့်ဝန်းလူမှုကူညီရေးအသင်းပိုင်ယာဉ်နဲ့ ဓနုဖြူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

#mercury#mercurynews#ဓနုဖြူ#ယာဉ်တိုက်မှု#မြန်မာ#ပြည်တွင်းသတင်း