—————————————————————–
ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်မှာ နက္ခတ်တာရာပြခန်းကို အာကာသပြတိုက် (ရန်ကုန်)အဖြစ်အဆင့်မြှင့်တင်ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
ခေတ်နဲ့အညီဖြစ်စေရေးအတွက် ပြခန်းကိုအဆင့်မြှင့်တင်ပြန်လည် မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး အခုရက်ပိုင်းမှာ အာကာသပြတိုက် (ရန်ကုန်) အဖြစ်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ပြတိုက်အတွင်း Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသမှာ လှည့်ပတ်သွားလာလျက်ရှိတဲ့ ဂြိုဟ်တုများ၊
အာကာသတွင်း စူးစမ်းလေ့လာတဲ့ အာကာသယာဉ်နဲ့ ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာများအား ကြည့်ရှုလေ့လာနိုင်မှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါ တယ်။
ပြတိုက်အတွင်းရှိ Deep Space Exploration ပြခန်း၊ Space Station ပြခန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ အာကာသတွင်းသို့ ခေတ်အဆက် ဆက်လွှတ်တင်ခဲ့တဲ့ ဒုံးပျံများနဲ့ အာကာသယာဉ် ပုံစံငယ်များ၊ အာကာသ တွင်း လှည့်ပတ်သွားလာလျက်ရှိတဲ့ ဂြိုဟ်တုပုံစံငယ်များ၊ ဒုံးပျံလွှတ် တင်ရေးစခန်းမှ ဒုံးပျံလွှတ်တင်မှုသရုပ်ပြသမှုများကို ပြသထားပါတယ်။
