Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နန်းမြို့ရိုးများကို ပြုပြင်ရာတွင်ငလျင်ဒဏ်ခံနိုင် အောင်ကွန်ကရစ်သုံးပါက မူလရှေးဟောင်းအုတ်များပါဆွေး မြေ့ပျက်သွားနိုင်ဟုတရုတ်အဖွဲ့ပြော

—————————————————————-

၂၀၂၅ခုနှစ်၊ဇွန်လ၊(၁၉)ရက်

ငလျင်ဒဏ်ခံရတဲ့ မန္တလေးတိုင်းရှိနန်းမြို့ရိုးနဲ့ရှေးဟောင်း အဆောက်အအုံတွေကိုရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနဲ့တရုတ်ပညာရှင်အဖွဲ့တို့ပူးပေါင်းထိန်းသိမ်းသွားဖို့ရှိတယ်လို့ သိရပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နန်းမြို့ရိုးတွေကို ပြုပြင်ရာမှာ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင်ကွန်ကရစ်သုံးမိပါက မူလရှေးဟောင်းအုတ်တွေပါ ဆွေးမြေ့ပျက်သွားနိုင်တယ်လို့ တရုတ်ပညာရှင် အဖွဲ့က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ပညာရှင်အဖွဲ့ကရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနတို့ဆွေးနွေးရာမှာ မြို့ရိုးမှာ ပျက်စီးခဲ့တဲ့အစိတ်အပိုင်း အားလုံးကို RC ကွန်ကရစ် ဖြင့် ငလျင်ဒဏ်ခံနိုင်အောင်ရည်ရွယ်ပြီး တည်ဆောက်တာကို မပြုလုပ်သင့်ကြောင်း၊ ရှေးဟောင်းအ ဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်ဖို့မလိုဘဲ ရှေးမူ မပျက်ဆောင်ရွက်ရန်လိုတယ်လို့ဆိုပါတယ်။

ဒါ့အပြင် RC ကွန်က ရစ်ဖြင့် တည်ဆောက်လိုက်ပါက မိုးရေစိမ့်ဝင် လာသည့်အခါအတွင်းမှာ ရေပြန်မထွက်နိုင်ဘဲ မူလရှေးဟောင်း အုတ်ချပ်များအား တဖြည်းဖြည်း ဆွေးမြေ့ပျက်စီးစေနိုင်ကြောင်း၊ အုတ်နဲ့သစ်သားတွဲဆက်တဲ့ပုံစံဟာ သဟ ဇာတမဖြစ်ကြောင်း၊ အုတ်တွေဟာ သစ်သားတိုင်ကို ကာကွယ်သည့်အနေအထားမှာသာရှိကြောင်း၊ အုတ်ပြန်စီတဲ့အခါ အထူးသတိထားရန်လိုအပ်တယ်လို့ဆိုပါတယ်။

ရှေးဟောင်းအဆောက်အအုံတွေကိုပျက်စီးမှ ဆောင်ရွက်တာထက် ပုံမှန်စစ်ဆေးပြီးထိန်းသိမ်းရေးဆောင်ရွက်ရန်လိုကြောင်း၊ ထိန်းသိမ်းရေး ဆောင်ရွက် ရာတွင်လည်းရှေးနည်းနှင့် သိပ္ပံနည်းပေါင်းစပ်ပြီး ဆောင်ရွက်ရန်လိုကြောင်း ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#မန္တလေးနန်းမြို့ရိုး#မန္တလေးမြို့