Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နယူးကာဆယ်က ဖောရက်စ်တောင်ပံကစားသမား အီလန်ဂါကို ပေါင် ၅၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိ

၂၀၂၅၊ဇူလိုင်လ၊၈ရက်

နယူးကာဆယ်ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီ အီလန်ဂါ (Anthony Elanga) ကို ခေါ်ယူဖို့အတွက် ပေါင် ၅၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဒီအပြောင်းအရွှေ့ကြောင့် အီလန်ဂါကို ဖောရက်စ်ဆီ ရောင်းချခဲ့စဉ်က ထည့်သွင်းချုပ်ဆိုထားတဲ့ “sell-on clause” (ပြန်လည်ရောင်းချပါက ရောင်းရငွေ၏ ရာခိုင်နှုန်းတစ်ခုကို မူလအသင်းအား ပေးရမည့်အပိုဒ်) ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပေါင် ၈ သန်းခန့် ပြန်လည်ရရှိတော့မှာ ဖြစ်ပါတယ်။

နယူးကာဆယ်က ညာတောင်ပံအတွက် အန်တိုနီ အီလန်ဂါ (Anthony Elanga)အားဖြည့်ထားသလို ခံစစ်ပိုင်းကို အားဖြည့်ဖို့ ထပ်မံကြိုးစားနေပါတယ်။

#mercury#mercurynews#အားကစား#နယူးကာဆယ်#အီလန်ဂါ#မန်ယူ