Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နိုင်ငံခြားသားပညာရှင်များကငလျင်အပြီး ‘အဆောက်အအုံအကဲဖြတ်ခြင်းနှင့်ပြုပြင်ခြင်းနည်းပညာ’သင်တန်းပေးမည်

————————————————————————————————————-

၂၀၂၅ခုနှစ်၊မေလ(၆)ရက်

နိုင်ငံခြားသားပညာရှင်တွေက ငလျင်အပြီး ‘အဆောက်အအုံအကဲဖြတ်ခြင်းနှင့်ပြုပြင်ခြင်းနည်းပညာ’တစ်ရက်သင်တန်းတွေကို မန္တလေးမှာပေးခဲ့ပြီး မေလ(၁၂)ရက်မှာ ရန်ကုန်မှာထပ်မံပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်က ကြီးမှူးကျင်းပပေးတာဖြစ်ပြီး သင်တန်းဆရာတွေအဖြစ် Mr.Sarah Dunnနဲ့ နိုင်ငံခြားသားဆရာ(၃)ဦးမှ Assessment,Repair and Retrofitအကြောင်း၊ Disaster Risk /Build Bach Safer Training စတာတွေကို မေလ(၅)ရက်က မန္တလေးမှာမျှဝေသင်ကြားပေးခဲ့ပါတယ်။

အဲဒီ့သင်တန်းကို ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်းရှိ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ရုံးမှာ မေလ(၁၂)ရက်မှာ ထပ်မံသင်ကြားမျှဝေပေးမှာဖြစ်လို့အင်ဂျင်နီယာတွေဆောက်လုပ်ရေးလုပ်ငန်းရှင်တွေတက်ရောက်နိုင်တယ်လို့သိရပါတယ်။

#mercury#mercurynews#မြန်မာ#ဆောက်လုပ်ရေး#ပြည်တွင်းသတင်း