Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နိုင်ငံရေးမတည်ငြိမ်မှုကြားက တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ စတင်

၂၀၂၅၊ဇွန်လ၊၃ရက်

တောင်ကိုရီးယားနိုင်ငံဟာ နိုင်ငံရေးမတည်မငြိမ်မှုများကြားကနေ ယနေ့ (ဇွန် ၃ ရက်)မှာ သမ္မတရွေးချယ်မဲပေးပွဲကို စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။အဆိုပါ ရွေးကောက်ပွဲဟာ သမ္မတဟောင်း ယွန်းဆက်ယိုက နိုင်ငံကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ၆ လပြည့်သည့်နေ့မှာ ကျင်းပနေခြင်းဖြစ်ပါတယ်။

ယခုအခါ ရွေးကောက်ပွဲမှာ အဓိကလူကြိုက်များနေတဲ့ သမ္မတလောင်းများဟာ ဒီမိုကရက်တစ်ပါတီမှ အတိုက်အခံ ခေါင်းဆောင် အီဂျေမြောင် (Lee Jae-myung) နှင့် ပြည်သူ့စွမ်းအားပါတီ (People Power Party – PPP) မှ ကင်မွန်ဆူ (Kim Moon-soo) တို့ဖြစ်ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ယွန်းဆက်ယိုရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုနောက်မှာ နိုင်ငံတွင်းအတည်မငြိမ်မှုအလွန်များပြားခဲ့ပြီး ယာယီသမ္မတ ၃ ဦးအထိ ထပ်မံပြောင်းလဲခဲ့ရပါတယ်။ လတ်တလော ယာယီသမ္မတအဖြစ် ယခင်ပညာရေးဝန်ကြီး အီဂျူဟိုး (Lee Ju-ho) က တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

ဓာတ်ပုံ- EPA

#mercury#mercurynews#နိုင်ငံတကာသတင်း#တောင်ကိုရီးယား#ရွေးကောက်ပွဲ