—–
၂၀၂၅ ခုနှစ်အတွက် နိုဘယ်ဆုတွေကို အောက်တိုဘာလ ၆ ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ကြေညာသွားမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ ကြေညာခဲ့ပြီးဆုတွေအနေနဲ့ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာနိုဘယ်ဆုနဲ့ရူပဗေဒ (Physics)နိုဗယ်ဆုတို့ကိုရွေးချယ်ပြီးဖြစ်ပါတယ်။
(၁)ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာ (Physiology or Medicine)နိုဗယ်ဆုကိုအောက်တိုဘာ ၆ ရက်Mary E. Brunkow၊ Fred Ramsdell (အမေရိကန်) နှင့် Shimon Sakaguchi (ဂျပန်)တို့ရရှိခဲ့ပါတယ်။
ကိုယ်ခံအားစနစ်ဟာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးများကို ပြန်လည်မတိုက်ခိုက်စေရန် ထိန်းသိမ်းပေးတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်သော ရှာဖွေတွေ့ရှိမှုများအတွက်ရရှိခဲ့တာဖြစ်ပါတယ်။
(၂)ရူပဗေဒ (Physics)နိုဗယ်ဆုကို အောက်တိုဘာ ၇ ရက်John Clarke၊ Michel H. Devoret နဲ့ John M. Martinisတို့က ရရှိခဲ့ပြီး လျှပ်စစ်ပတ်လမ်းတစ်ခုမှာ မက်ခရိုစကုပ် (macroscopic) ကွမ်တမ်စက်ပိုင်းဆိုင်ရာ ဥမင်တူးခြင်းနှင့် စွမ်းအင် ပမာဏသတ်မှတ်ခြင်း (energy quantisation) ကို တွေ့ရှိခဲ့မှုအတွက် ဖြစ်ပါတယ်။
(၃)ဓာတုဗေဒ (Chemistry)အောက်တိုဘာ ၈ ရက်ကြေညာရန် ကျန်ရှိပါတယ်။(၄) စာပေ (Literature)အောက်တိုဘာ ၉ ရက်ကြေညာရန် ကျန်ရှိပါတယ်။
(၅)ငြိမ်းချမ်းရေး (Peace)အောက်တိုဘာ ၁၀ ရက်ကြေညာရန် ကျန်ရှိပြီး ဒေါ်နယ်ထရမ့် (Donald Trump) ဟာ နိုဗယ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) ကို ရဖို့အတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး ဆုရထိုက်တယ်လို့ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုမျှော်လင့်နေပါတယ်။
(၆)စီးပွားရေးသိပ္ပံ (Economic Sciences)အောက်တိုဘာ ၁၃ ရက်ကြေညာရန် ကျန်ရှိပါတယ်။ နိုဗယ်ဆုဆိုတာ လူသားမျိုးနွယ်အပေါ် အကျိုးသက်ရောက်စေရန် ဓာတုဗေဒပညာရှင်၊ တီထွင်သူတစ်ဦးနှင့် ဆွီဒင်လူမျိုးဖြစ်သည့် အဲလ်ဖရက် နိုဘယ်က “လူသားမျိုးနွယ်အတွက် အကျိုးပြုသက်ရောက်မှု ပြုနိုင်သောသူတွေကို ဆုချီးမြှင့်ဖို့” ဆိုပြီး သူကွယ်လွန်ခဲ့တဲ့ ၁၈၉၅ ခုနှစ်မှာ သေတမ်း အမှာစာချန်ခဲ့တဲ့အတွက် နှစ်စဉ်နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့က နိုဗယ်ဆုတွေချီးမြှင့်ပေးတာဖြစ်ပါတယ်။
#mercury#mercurynews#နိုဗယ်#ထရမ့်#နိုဗယ်ဆု