၂၀၂၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ ဗင်နီဇွဲလားနိုင်ငံက မာရီယာ ကော်ရီနာ မာချာဒို (María Corina Machado) က နိုဘယ်ဆုဟာ ဆင်းရဲဒုက္ခခံစားနေရတဲ့ ဗင်နီဇွဲလားပြည်သူတွေ အတွက်အပြင် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကိုပါ ရည်စူးကြောင်း ပြောကြားလိုက်ပါတယ်။
မာချာဒိုက သမ္မတ ထရမ့်ကို ရည်မှန်းချက်တွေအပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးခဲ့သူ အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပြီး “လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရယူနိုင်ဖို့အတွက် သမ္မတ ထရမ့်၊ အမေရိကန်ပြည်သူတွေ၊ လက်တင်အမေရိက ပြည်သူတွေ နဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေဟာ ကျွန်မတို့ရဲ့ အဓိကမဟာမိတ်တွေ အဖြစ် အရက်ကထက် ပိုမို အားထားနေရပါတယ်” လို့ သူ့ရဲ့ X (ယခင် Twitter) လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။
“အခုလို ဗင်နီဇွဲလားပြည်သူအားလုံးရဲ့ ရုန်းကန်လှုပ်ရှားမှုကို အသိအမှတ်ပြုလိုက်တာဟာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်တဲ့ လွတ်လပ်ရေးကို အောင်ပွဲခံနိုင်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်ပါတယ်။… ကျွန်မတို့ဟာ အောင်ပွဲရဲ့ တံခါးဝမှာ ရောက်ရှိနေပြီ” လို့လည်း မာချာဒိုက ရေးသားခဲ့ပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#နိုဘယ်ဆု#ထရမ့်#မာချာဒိ