နေပြည်တော်မှာ မိုးသည်းနေလို့ဆင်သေချောင်းအနီး နေထိုင်သူတွေကို ရေဘေးလွတ်ရာရွေ့ပေးရတယ်လို့ သိရပါတယ်။
၂၆.၉.၂၀၂၅ ရက်နေ့၊ ၂၀ ၅၀ အချိန်ခန့်၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားရွာ၊ ဆင်သေချောင်းအနီးမှာ မိုးရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားပြီး မြေပြိုနိုင်လို့ ကူညီပေးခဲ့ရပါတယ်။
ပုဗ္ဗသီရိမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် နေအိမ်အတွင်းနေထိုင်သူ မိသားစုဝင်ကျား(၃)ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၅)ဦး၊ နေအိမ်အဆောက်အဦနှင့် အသုံးအဆောင်ပစ္စည်းများအား ချောင်းရေတိုက်စားရာနေရာမှ ဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
#mercuey#mercurynews#သဘာ၀ဘေး#မြန်မာ#ပြည်တွင်းသတင်း