နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊နယ်မြေ(၃)ရပ်ကွက်၊ရေဆင်းကျေးရွာမှာ မနေ့(မေလ၂၂ရက်)က ညနေ၅နာရီအချိန်မှာ အသက်(၂၁)အရွယ်အမျိုးသမီးတစ်ဦး ဆွဲကြိုးချကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံမှ သိရပါတယ်။
အသက်(၂၁)အရွယ်အမျိုးသမီးဟာ ပြည်ပနိူင်ငံတစ်ခုတွင် သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိတဲ့ အမျိုးသားဖြစ်သူနဲ့ အခက်မသင့်စကားများရန်ဖြစ်ပြီးနောက် အရှည်(၁၂)ပေခန့်ရှိပလပ်စတစ်ကျစ်ကြိုးနဲ့ နေအိမ်ထဲရှိအမြင့်(၁၂)ပေခန့်ရှိသစ်သားတန်းမှာ ကြိုးဆွဲချသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ကြိုးဆွဲချကွယ်လွန်သူ အမျိုးသမီးကို ဇေယျာသီရိမြို့နယ်ကုတင်(၅၀)ဆေးရုံမှ
ပုဗ္ဗသီရိမြို့နယ်ကုတင်(၃၀၀)ဆေးရုံသို့ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မှုခင်း#မြန်မာ#ပြည်တွင်းသတင်း