Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နေပြည်တော်၊ ကုမုဒြာအဝိုင်းအနီး လျှိုပိတ်တမံတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

၂၀၂၅၊အောက်တိုဘာလ၊၂၅ရက်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ကုမုဒြာကြာပန်းအဝိုင်းအနီးရှိ လျှိုပိတ်တမံ အမှတ် (၄) မှာ ယနေ့ (အောက်တိုဘာ ၂၅) ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားကြောင်း သိရပါတယ်။

နံနက် ၇ နာရီ ၃၂ မိနစ်အချိန်မှာ ရေနစ်သေဆုံးသူ အမျိုးသား (၁) ဦးရဲ့ ရုပ်အလောင်းကို ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းနှင့် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူရဲ့ ရုပ်အလောင်းကို ပေးဆပ်သူများပရဟိတအသင်းပိုင်ယာဉ်နဲ့ ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

#Mercury#mercurynews#မြန်မာ#မှုခင်း#ပြည်တွင်းသတင်း