ယနေ့ ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အဆင့်မြင့်ဈေးအနီးမှာ အမျိုးသားတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဆိုင်ကယ်လုယက်ခံရပြီး ဓားနဲ့ထိုးသတ်ခံရသူဟာ အသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ ကျူးလွန်သူကိုတော့ လက်ရှိအချိန်ထိ ဖမ်းမိခြင်း မရှိသေးဘူးလို့သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ Junction နောက်ကျောလမ်း၊ အဆင့်မြင့်ဈေးနားမှာ မကြာခဏဆိုသလို ဆိုင်ကယ်တွေ လုယက်ခံနေရပြီး သုခတော်ဝင်အိမ်ရာမှာရှိတဲ့ ဆိုင်ကယ်တွေ၊ စက်ဘီးတွေလည်း မကြာခဏ ခိုးယူခံနေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဓါတ်ပုံ-DBA
#mercury#mercurynews#မှုခင်း#မြန်မာ#ပြည်တွင်းသတင်း