၂၀၂၆၊ဖေဖော်ဝါရီလ၊၅ရက်
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊မိုင်တိုင်အမှတ်(၁၅၇/၇)နှင့်(၁၅၇/၆)ဖာလုံကြားမှာ ယနေ့မနက် အစောပိုင်း ၂နာရီ၃၀ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အခင်းဖြစ်ရာနေရာကို သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား ၁ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတို့ကို တောင်ငူ (192) ပရဟိတအသင်းမှ သူနာတင်ယာဉ်နဲ့ တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
