Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ Grade-10 ကျောင်းသူတစ်ဦး ရေနစ်သေဆုံး

၂၀၂၅၊ဇူလိုင်လ၊၁၃ ရက်

နေပြည်တော် ဥတ္တရသီရိမြို့နယ်က ချောင်းမကြီးနဲ ချောင်းမငယ်ချောင်းဆုံမှာ ချောင်းအတွင်း ရေးဆင်း ကူးရာမှ ကျောင်းသူတစ်ဦး ရေနစ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်၁၃ရက် နေ့လည်၁၁နာရီကျော်အချိန်ခန့်က အသက်၁၄နှစ်အရွယ် Grade-10 ကျောင်းသူ မယမင်းသက် ဟာ ချောင်းအတွင်းရေကူးရင်း ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ မယမင်းသက် မှာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူဖြစ်ပြီး ချောင်းမကြီးရွာဟောင်း အနောက်ဘက်တဲစု ဥတ္တရသီရိရပ်ကွက် ဥတ္တရသီရိမြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။

လက်ရှိမှာ ရေနစ်သေဆုံးခဲ့သူ မယမင်းသက် အလောင်းကို နေပြည်တော် ကုတင်-၁ဝဝဝ ဆေးရုံသို့ပို့ဆောင်‌ ပေးထားတယ်လို့ သိရပါတယ်။