မိုးတိမ်တောင်ကြောင့်မိုးရွာသွန်းနိုင်သေး
၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၇)ရက်
နောက် ၁၂ နာရီအတွင်း အပူပိုင်းမုန်တိုင်း “ခန့်မေဂီ”အားလျော့လာနိုင်ပေမယ့်
မိုးတိမ်တောင်ကြောင့်မိုးရွာသွန်းနိုင်သေးတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှသိရပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ(၇)ရက်ညနေအထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာနေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီ တိုင်းဒေသကြီးမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အား ကောင်း လျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ် လျှောက် တွင် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
#Mercury#mercurynews#ပြည်တွင်းသတင်း#မိုးလေဝသ
