Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နောက် (၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းလာနိုင်၊‌ ဒေသ(၈)ခုမိုးများနိုင်

——————————-

၂၀၂၅ခုနှစ်၊‌ဇွန်လ၊(၂၆)ရက်

လေပွေလှိုင်းနဲ့မုတ်သုံအရှိန်ကြောင့်ဇွန်လ(၂၅)ရက်မှနောက် (၂၄) နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းလာနိုင်တယ်လို့ သိရပါတယ်။

လေပွေလှိုင်း(UACC)ဟာ အထက်လေထုအလွှာအတွင်း ဆက်လက်တည်ရှိနေသလိုအနောက်တောင်မုတ်သုံလေကလည်း အားကောင်း နေပါတယ်။

အားကောင်းနေဆဲ အနောက်တောင်မုတ်သုံလေနဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တဲ့အရှိန်သက်ရောက်မှုတွေက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းတွေမှာ နေရာစိပ်စိပ် မိုးအနည်းငယ်ရွာနိုင်မယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

#mercury#mercurynews#ရာသီဉတု#ပြည်တွင်းသတင်း#မြန်မာ