Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နောက် ၆ နာရီအတွင်း မုန်တိုင်း“ဖန်ရှန်”အားကောင်းပြီးရန်ကုန်နှင့်ဒေသအချို့

မိုးပိုလာမည်

———————————————————————————————–

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၁)ရက်

နောက် ၆ နာရီအတွင်း တောင်တရုတ် ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်း“ဖန်ရှန်”အားကောင်းပြီး မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်နဲ့ဒေသအချို့မိုးပိုလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။

အောက်တိုဘာလ(၂၁)ရက် ညနေပိုင်းအထိခန့်မှန်းချက်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ်၊

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ရှိပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးပိုလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ရာသီဉတု#ပြည်တွင်းသတင်း