၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၆)ရက်
(၃၁)ကြိမ်မြောက် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုကို ဆရာမကြီးဒေါက်တာခင်သန်းဦး(မမိုးမြေ) ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုနှစ်ရဲ့ ပခုက္ကူဦးအုံးဖေတစ်သက်တာဆုကို ဆုငွေကျပ်(၁၅)သိန်းချီးမြှင့်သွားမည်ဖြစ်ကာ ပခုက္ကူဦးအုံးဖေ စာမူဆုရဲ့ ပထမဆုကို (၁၀)သိန်းကျပ်၊ ဒုတိယဆုကို (၇)သိန်းကျပ်၊ တတိယဆုကို (၅)သိန်းကျပ်ဆီ အသီးသီးတိုးမြှင့်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
ပခုက္ကူစာပေဆုအဖြစ်တစ်သက်တာဆု၊ဝတ္ထုရှည်ဆု ၊ဝတ္ထုတိုပေါင်းချုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု ၊ပခုက္ကူစာပေဆု၊ သုတေသနစာပေဆု ၊စာကြည့်တိုက်စာအုပ်ဆုအပါအဝင်ဆုအမျိုးအစား(၇)ဆုချီးမြှင့်ခဲ့ပြီး ဆုအမျိုးအစားအလိုက်ဆုရရှိမှုအပေါ်မူတည်ပြီးပ၊ဒု၊တဆုတွေပါပေးအပ်တာဖြစ်ပါတယ်။
ပခုက္ကူ ဦးအုံးဖေ စာပေဆု ဟာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ဗိုလ်ချုပ်လမ်းနေ သိန်းတရာ ဆေးပေါင်းရုံပိုင်ရှင် လူမှုထူးချွန်ဆု ပထမအဆင့်ရရှိသူ ဦးအုံးဖေက အသက်(၇၆)နှစ်ပြည့်ထိမ်းအမှတ်အဖြစ် လှူဒါန်းခဲ့တာဖြစ်ပြီး နှစ်စဉ် အဲဒီ့လှူဒါန်းငွေနဲ့ စာပေဗိမာန်မှ တဆင့် ပခုက္ကူ ဦးအုံးဖေ စာပေဆု စာပေဆုတွေကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။