Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပင်းတယမြို့နယ်တွင် တောင်ကျရေ ရုတ်တရက်ကျဆင်းမှုကြောင့် လူ ၆ ဦး သေဆုံး

၂၀၂၅၊ဇူလိုင်၊၂၈ရက်

ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ တောင်ကျရေ ရုတ်တရက် ဆင်းလာတာကြောင့် လူအချို့ မျောပါသေဆုံးပြီး စိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၂၇ ရက် ည ၁၂ နာရီကျော် အချိန်က ပင်းတယမြို့နယ်အတွင်းရှိ ကုန်းစောင်းရွာ၊ သိမ်ကုန်းရွာနဲ့ ရွှေပုထိုးရွာ တို့မှာ တောင်ကျရေ ရုတ်တရက် ထိုးဆင်းလာပြီး လူအသေအပျောက်တွေရှိနေသလို လက်ရှိမှာ ရုပ်အလောင်း ၆လောင်း တွေ့ထားရပြီး ပျောက်ဆုံးနေတာတွေလဲ ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဇူလိုင် ၂၇ ရက် ည ၁၁ နာရီခန့်ကစပြီး ရှမ်းပြည်နယ်တစ်ဝန်းလုံးမှာ ရုတ်တရက် ချောင်းရေမြင့်တက်ခြင်း၊ တောင်ကျချောင်းရေ ဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ၊ လူသေဆုံးမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ-မဲခေါင်သတင်း

#mercury#mercurynews#ပင်းတယ#မြန်မာ#ပြည်တွင်းသတင်း