ပစိဖိတ်သမုဒ္ဒရာအတွင်း မူးယစ်မှောင်ခိုသယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ ရေယာဉ်လေးစင်းကို အမေရိကန်တပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်က ပြောကြားခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာ ပစိဖိတ်နဲ့ ကာရစ်ဘီယံဒေသများမှာ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်နေတယ်လို့ သံသယရှိရတဲ့ ရေယာဉ်များကို အမေရိကန်က နောက်ဆုံးပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုများထဲက တစ်ခုဖြစ်ပါတယ်။
မက္ကဆီကိုသမ္မတကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို လက်မခံနိုင်ကြောင်း ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ထားပြီး “အမေရိကန်အနေနဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို လေးစားသင့်တယ်” လို့ ဆိုပါတယ်။
မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးနဲ့ ရေတပ်ကိုယ်စားလှယ်များကိုလည်း အမေရိကန်သံအမတ်ကြီးနှင့် တွေ့ဆုံရန် ညွှန်ကြားထားကြောင်း သိရပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးက တိုက်ခိုက်ခဲ့တဲ့ ရေယာဉ်လေးစင်းဟာ မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းတစ်လျှောက် ရွေ့လျားသွားလာပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း ထောက်လှမ်းရေးအဖွဲ့က ကြိုတင်သိရှိထားခဲ့တယ်လို့ ဆိုပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်
