Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပတ်စ်ပို့လျှောက်သူများ မေလ(၂)ရက်မှစပြီးQRစနစ်ဖြင့်ပါအသုံးပြုငွေပေးချေနိုင်

——————————————————————————

၂၀၂၅ခုနှစ်၊မေလ၊(၂)ရက်

နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လျှောက်သူတွေအနေနဲ့ အွန်လိုင်းငွေပေးချေမှုတွေအပြင် မေလ(၂)ရက်မှစပြီးMMQR စနစ်ပါအသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်များထုတ်ပေးရေးအဖွဲ့ထံမှသိရပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online ငွေပေးချေမှုကို KBZ Pay စနစ်, MPU ကတ် စနစ်နဲ့ AYA Pay စနစ်များဖြင့် လက်ခံဆောင်ရွက်ပေးနေလျက်ရှိရာမှ အများပြည်သူ ပိုမိုလွယ်ကူအဆင်ပြေစွာ ငွေပေးချေနိုင်ရန်အတွက် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု National QR Standard ဖြစ်သည့် MMQR စနစ်ကိုပါ အသုံးပြု၍ ငွေပေးချေနိုင်ရန် ၂၀၂၅ ခုနှစ် မေလ (၂) ရက်နေ့မှ စတင် လက်ခံဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့လို့ ၂၀၂၅ ခုနှစ် မေလ (၂)ရက်နေ့မှ စပြီး သက်ဆိုင်ရာ ငွေပေးချမည့်နေ့ရက်မှာ MMQR စနစ်နဲ့ နည်းပညာချိတ်ဆက်မှု အသင့်ဖြစ်တဲ့ မိုဘိုင်းဘဏ်လုပ်ငန်းစနစ်များ၊ Mobile Wallet ဆောင်ရွက်သော ဘဏ်တွေနဲ့ငွေပေးချေမှုအဖွဲ့အစည်းတိုင်းရဲ့ MMQR စနစ်အသီးသီးတို့ဖြင့် မိမိတို့ရဲ့ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ငွေပေးချေနိုင်မည်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

photo -မူရင်းပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#MMQR#ပြည်တွင်းသတင်း