၂၀၂၅ခုနှစ်၊မေလ၊(၁၀)ရက်
The Royal Galleryကကြီးမှူးစီစဉ်ကျင်းပပေးတဲ့ ပန်းချီဆရာကြီးရွှေကျော်လင်းရဲ့(၄)ကြိမ်မြောက်တစ်ကိုယ်တော်ပြပွဲ ‘Echoes of Chindwin Valley “သလ္လာဝတီရဲ့ ပဲ့တင်သံ”’ပန်းချီပြပွဲကို မေလ(၁၂)၊(၁၃)၊(၁၄)ရက်တို့မှာ ပြသသွားဖို့ရှိ တယ်လို့သိရပါတယ်။
ပန်းချီပြပွဲမှာ ချင်းတွင်းမြစ်ဝှမ်းက ပဲ့တင်သံတွေ၊ ရှေးဟောင်းစေတီတွေရဲ့တိုးညှင်းတဲ့အသံတွေ၊ အရောင်အသွေးစုံလင်တဲ့ ငှက်ကလေးတွေရဲ့ တစ်ကျည်ကျည် တစ်တုံတုံ အော်မြည်သံတွေနဲ့ပြည့်နေတဲ့ အေးငြိမ်းသာယာတဲ့ သီးသန့်ကမ္ဘာလေးတစ်ခုကို ဆရာရွှေကျော်လင်းက သူ့စုတ်ချက်တွေနဲ့ဖန်တီး တင်ဆက်ထားပါတယ်။
ပြပွဲကို ဆရာရွှေကျော်လင်း သူရဲ့အသက် (၈၀)ပြည့်အထိမ်းအမှတ်အဖြစ်လည်းကျင်းပတာဖြစ်ပြီး အသက်(၈၀)အရွယ်အထိ ချင်းတွင်းရဲ့ပဲ့တင်သံတွေ၊ ရှေးဟောင်းစေတီတွေရဲ့ တိုးညှင်းတဲ့အသံတွေ၊ ပန်းတိမ်ဖိုငှက်ကလေးတွေရဲ တစ်တုံတုံ အော်မြည်သံတွေနဲ့ပြည့်နေတဲ့ သူ့ရဲ့ စတူဒီယိုထဲမှာ ဆက်လက် ရေးခြယ်နေဆဲဖြစ်ပါတယ်။
ပန်းချီဆရာကြီးရွှေကျော်လင်း၏ ‘Echoes of Chindwin Valley “သလ္လာဝတီရဲ့ ပဲ့တင်သံ”’ပန်းချီပြပွဲကို မေလ(၁၂)၊(၁၃)၊(၁၄)ရက်မှာThe Governor’s Residence မှာကျင်းပသွားမှာဖြစ်ပြီး ပန်းချီဆရာကြီး ရွှေကျော်လင်းရဲ့ ပန်းချီကားစုစုပေါင်း(၃၆)ကားကိုပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#ပန်းချီပြပွဲ#ပြည်တွင်းသတင်း